Wednesday, January 4, 2012

အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် ဆိုပါလား။



























ဘယ်တုန်းက ဒီဘွဲ့ ရသွားခဲ့တာလည်း၊ ဘယ်သူကများ ပေးလို့  ဒီဘွဲ့ ရသွားတာလည်း၊ ဒီဘွဲ့ ကို ကိုယ့်ဖာသာ ယူလိုက်တာလား၊ ဒီနေ့  မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ကျမှ ဒီဘွဲ့ ကြီးနဲ့  သိန်းစိန် ခေါ်တာလား၊ ဒီဘွဲ့ ရလိုက်လို့  သိန်းစိန်တစ်ယောက် စိတ်ဖောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အကုန်လုံး မလွှတ်ပေးတာလား ….

သိန်းစိန် လူသိရှင်ကြား ဘွဲ့ ရခဲ့တာကတော့ စင်ကာပူဝန်ကြီးချူပ် လီရှန်လွန်း (လီကွမ်ယု၏ သားအကြီး) က ၂၀၀၉ ခုနှစ်က သိန်းစိန်ကို “Flower Girl” အဖြစ် စင်ကာပူက သစ်ခွပန်းတစ်မျိုးကို “သိန်းစိန်” လို့  ဘွဲ့ အမည်ပေးခဲ့တာဘဲ ဖြစ်ပါတယ်။

“အဂ္ဂမဟာ သီရိသုဓမ္မ” ဆိုတဲ့ ဘွဲ့ ဟာ အုပ်ချူပ်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ပါ။ “အဂ္ဂမဟာ သရေစည်သူ” ဆိုတာ တရားစီရင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့  ဖြစ်ပါတယ်။ သိန်းစိန်ရဲ့  အာဏာရှင်အဖိုးဖြစ်သူ နေ၀င်းတောင် သူရဲ့  မဆလတစ်ပါတီအာဏာရှင်ခေတ်အောက်မှာ အုပ်ချူပ်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့  ဒုတိယအဆင့်ဖြစ်တဲ့ သတိုးမဟာသီရိ သုဓမ္မဘွဲ့ ကိုသာ သူများပေးအပ်လို့  ယူခဲ့ရတာပါ။ အခုတော့ သိန်းစိန်က သူ့ ဆရာရင်းထက် အရူးက တစ်မူးသာဘဲ ပြောရမလား မသိဖူး ကိုယ့်ဖာသာ အရှက်မရှိ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ တွေ လျှောက်ယူပြပြီး အာဏာရှင်တို့ ပီပီ ဒီပုတ်ထဲက ဒီပဲ အကျင့်ယုတ်ကို ပြတာပါဘဲ။

အုပ်ချူပ်ရေးဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ ကောင်းမွန်မျှတ မှန်ကန်ရလောက်အောင် သိန်းစိန်ရဲ့  လုပ်ရပ်တွေထဲမှာ အမှတ်ပြည့်ပေးရလောက်အောင် တစ်ခုမှ မတွေ့ မိသေးပါဖူး။ ယနေ့  ဒီနေ့ ထိတောင် တိုင်းပြည်နဲ့  လူမျိုးအကျိုးကို ကိုယ်ကျိုးစွန့် လွှတ်ပြီး မတရားအကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ ပတ်သက်လို့  နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးတစ်လုံးတောင် မဟရဲတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်မပေးရဲတဲ့ သိန်းစိန်တို့  ဒါလား ဒီ “အဂ္ဂမဟာ သီရိသုဓမ္မ” ဘွဲ့  အဂ္ဂမဟာ သရေစည်သူ” ယူတာ အတော့်ကို တစ်လွဲကြီးဘဲ။

ရဟန်းရှင်လူပြည်သူ အထူးသဖြင့် သံဃာတော်ရှင်သူမြတ်တွေကို သတ်ခဲ့ကြတဲ့ သိန်းစိန်တို့ က မတော်မရာ မထိုက်မတန်ဘွဲ့ တွေကို ဘယ်သူမှ မပေးအပ်ဘဲ အရှက်မရှိ ယူတာတင်မက၊ သာသနာရေးဆိုင်ရာဘွဲ့ တွေကို ချီးမြှင့်ပါသတဲ့ ။













တစ်ပါတီအာဏာရှင်ကြီး နေ၀င်းရဲ့  ဒူးမနာသား သန်းရွှေ၊ ဆရာထက် တပည့်လက်စောင်းထက်ဆိုတဲ့ သန်းရွှေအာဏာရူးရဲ့  ဒူးမနာသား သိန်းစိန် ဒီပုတ်ထဲက ဒီပဲ၊ ဒီအယုတ်တမာက ဟိုအယုတ်တမာအောက်ဆွဲဆိုသလိုဘဲ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် ဖြစ်နေရပြန်ပြီ။ ရသင့်တဲ့ဘွဲ့ ကတော့ “အတ္တမဟာ ကျက်သရေမစည်သူ အတ္တမဟာ ဒိဌိအဓမ္မ သိန်းစိန်” လို့  ခေါ်တွင်ရမှာ ဖြစ်ပါတယ်။

“အတ္တမဟာ ကျက်သရေမစည်သူ အတ္တမဟာ ဒိဌိအဓမ္မ သိန်းစိန်” ………

No comments: