Monday, July 16, 2012

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာလည်း သြစတြေလျနိုင်ငံသား ဖြစ်နေပါတယ်။

ဒုတိယသမတအဖြစ် အဆိုတင်သွင်း လျာထားခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာလည်း သြစတြေလျနိုင်ငံသား ဖြစ်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမတအဖြစ် အဆိုတင်သွင်းထားမှုကို ထပ်မံကန့် ကွက်ပါတယ်။

ထပ်မံကန့် ကွက်ရတဲ့ အကြောင်းရင်းကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာလည်း သြစတြေလျနိုင်ငံသား ခံယူထားသူ ဖြစ်နေကြောင်း ထပ်မံသိရှိရလို့ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာ သြစတြေလျနိုင်ငံသားခံယူထားသူ သူရဲ့  ဇနီးဖြစ်သူကို လက်ထပ်ထိမ်းမြားပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း သြစတြေလျနိုင်ငံသား ခံယူခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေရဲ့  ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို့ ၏ သမီးဖြစ်သူ) ဟာ သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့ (Fairfield City, Syndey, New South Wales State, Australia) မှာ နေထိုင်ကြပြီး၊ သူမဟာ လွန်ခဲ့တဲ့ (၁၂) နှစ်ခန့် ကကတည်းက ဖီဂျီနိုင်ငံ (Fiji) ကနေ သြစတြေလျနိုင်ငံရဲ့  နိုင်ငံသားခံယူပြီး ဆစ်ဒနီမြို့ သို့  ရွှေ့ ပြောင်းအခြေစိုက်နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမတအဖြစ် အဆိုတင်သွင်းထားမှုဟာ ဒုတိယသမတဖြစ်ဖို့  လက်ရှိသတ်မှတ်ချက်များနဲ့  ညှိစွန်းနေတာကြောင့် ထပ်မံကန့် ကွက်ပါတယ်။

No comments: