Sunday, August 24, 2014

အဓိပ္ပါယ်ရှိသော ဒီအပြုံး။

အဓိပ္ပါယ်ရှိသော ဒီအပြုံး။

ဒီမှာ တရားသူကြီး
အဲဒီအပြုံးကို သေချာကြည့်ထား
ဝဋ်လည်တဲ့တစ်နေ့
သူတို့လိုပြုံးနိုင်အောင် ခင်ဗျားကြိုးစားထား။

ဒီမှာ တရားသူကြီး
အဲဒီအပြုံးက ရဲရင့်တယ်
ကြောက်ရွံ့မှု့ကင်းတယ်
အဓိပ္ပာယ်တွေနဲ့ပြုံးတဲ့အပြုံး။

တရားမရှိတဲ့ တရားရုံးကို
လှောင်ပြောင်သွားတဲ့အပြုံး
ကိုယ်ကျင့်သိက္ခာကို ငွေနဲ့လဲတဲ့
ခင်ဗျားတို့ကို လှောင်ပြောင်သွားတဲ့အပြုံး။

သူခိုးတွေက လူတွေကို
ထောင်ထဲပို့တဲ့ခေတ်ကို
လှောင်ပြောင်သွားတဲ့ အပြုံး။

ခြစားနေတဲ့ တရားစီရင်မှု့ကို
လှောင်ပြောင်သွားတဲ့ အပြုံး။

ခင်ဗျား မရှက်ဘူးလား
၄၂၇ ကို ၄၇၂ လို့ ခဏခဏ မှားဖတ်နေတာလို့
လှောင်ပြောင်သွားတဲ့အပြုံး။

ခင်ဗျားရာထူးပညာအဆင့်အတန်းနဲ့
အောက်တန်းကျတဲ့လုပ်ရပ်ကို
လှောင်ပြောင်သွားတဲ့အပြုံး။

စစ်ဖိနပ်နဲ့ နင်းချေခံရတဲ့
ခင်ဗျားရဲ့ ဦးနှောက်နဲ့ပါးစပ်ကို
သနားမိလို့ပြုံးတဲ့အပြုံး။

မလိုအပ်ပဲ အင်အားသုံးချင်နေတဲ့
ပြည်သူ့ချဉ်ဖတ်တွေကို
လှောင်ပြောင်သွားတဲ့ အပြုံး။

လောက်လေးခွဓာတ်မီးနဲ့လက်ထိပ်ကို
ခါးမှာချိတ်ပြီး လူတွင်ကျယ်လုပ်ချင်နေတဲ့သူတွေကို
လှောင်ပြောင်သွားတဲ့ အပြုံး။

စစ်ကျွန် ခရိုနီတွေရဲ့ ကျွန်တွေ
သခင်အားရအောင် တောင်သူတွေအပေါ်
ကျွန်ပါးဝနေကြတာကို
လှောင်ပြောင်သွားတဲ့ အပြုံုး။

တင်ဇော်အောင်။


No comments: