Wednesday, September 10, 2014

လိမ်စားနေတဲ့ သာပေါင်း ကြံ့ ဖွတ်အမတ်အကြောင်း သိစေဖို့ နဲ့  နောက်တစ်ကြိမ် မရွေးကြဖို့ ။

မှားလည်း မရွေးနဲ့ ၊ အရွေးလည်း မမှားနဲ့ ။ လိမ်စားနေတဲ့ သာပေါင်း ကြံ့ ဖွတ်အမတ်အကြောင်း သိစေဖို့ နဲ့  နောက်တစ်ကြိမ် မရွေးကြဖို့ ။

“ဗြောင်လိမ် ဗြောင်စား အရွေးမမှားဖို့”

တစ်နေ့ က စက်တင်ဘာလ၊ ၈ ရက်နေ့ ထုတ် DEMOCRACY TODAY ဂျာနယ် အတွဲ ( ၁) အမှတ် (၁၈၃) တွင် သာပေါင်းမြို့နယ်နှင့် ပတ်သက်သော သတင်းတစ်ပုဒ် ဖော်ပြပါရှိပါသည်။

ယင်းသတင်းတွင် သာပေါင်းမြို့နယ်မှ အရေးပေါ် လူနာများအား ပုသိမ်ဆေးရုံကြီးသို့ မြန်နှုန်းမြင့် စက်လှေများဖြင့် ပို့ဆောင်ရန်စီစဉ်ဟူသော ခေါင်းစဉ်ဖြင့် ရေးသားထားသည်မှာ သာပေါင်းမြို့နယ်မှအရေးပေါ် လူနာများအား ပုသိမ်ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့်ပို့ ဆောင်ရာတွင် အဆင်မပြေကြောင်း လမ်းမကောင်း၍ ပို့ဆောင်ချိန် ကြာမြင့်ကြောင်း မြန်နှုန်းမြင့်စက်လှေ ဖြင့်ပိုဆောင်ရာတွင် သာပေါင်းပုသိမ်ခရီးကို တစ်နာရီ အတွင်း အရောက်သွားနိုင်တော့မှာ ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းမှ ပြောကြားကြောင်း၊ ၂၀၁၁ခုနှစ်မှစတင်၍ ပဲ့ထောင် ထက် နှစ်ဆမြန်သော စက်လှေများဖြင့် ပြေးဆွဲရာမှ ယခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ပဲ့ထောင်ထက်လေးဆ မြန်သော စက်လှေဖြင့်ပို့ဆောင်ရန် စီစဉ်ပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်ကြီးကိုယ်တိုင် မိုးကြီးလေကြီးထဲတွင် စီးပြီးစမ်းသပ်ခဲ့ကြောင်း ယခု သာပေါင်းမြို့နယ်တွင် ပြေးဆွဲလျှက်ရှိသော မြန်နှုန်း မြင့်စက်လှေ ( ၁၀ )စီးရှိပြီး ရေကြည်မြို့နယ်မှလည်း စတင်စမ်းသပ်နေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယင်းသတင်းအရဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်ကြီးမှာ မိမိမြို့နယ်အတွက် အလွန်စေတနာထား အသက်စွန့်၍ လုပ်ဆောင်နေသည်ဟု ယူဆရပါသည်။ သို့သော်လည်း ၂၀၁၁ မှ စတင်ပြေးဆွဲပေးနေသော အဆိုပါစက်လှေများကို သာပေါင်းသားများ ယခုထိ မမြင်ဖူးကြသေးပါ။

သာပေါင်းဆေးရုံမှ ပုသိမ်ဆေးရုံသို့ အရေးပေါ်လွှဲပြောင်းပေးသော လူနာများ လာရောက်ပို့ဆောင်သည်ကိုလည်း မကြားဖူးသေးပါ။ မည်သည့်သာပေါင်းသားကိုမဆို မေးကြည့်ပါက အမှန် သိရှိနိုင်ပါသည်။ မိမိတို့ သာပေါင်းသားများအပေါ် လွှတ်တော်ကိုယ်စားလှယ်မှ လှေကားထစ်များသဖွယ် အသုံးပြုနေမှုအား သိရှိနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။

၎င်းအနေဖြင့် နာမည်ကောင်းရယူလိုလျှင် အခြားနည်းလမ်း သုံးသင့်ပါသည်။ သာပေါင်းမြို့နယ်အတွက် နိုင်ငံတော်မှ ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်ကြီးအား ကျပ်သိန်းတစ်ထောင် ထုတ်ပေးခဲ့သည်ဟု သိရပါသည်။

သာပေါင်းမြို့နယ်တွင် မည်သည့်လုပ်ငန်းမှ ဆောင်ရွက်သည်ကို မတွေ့ရပါ။ ကျေးရွာများတွင်သာ အထိုက်အလျောက် ဆောင်ရွက်သည်ဟု သိရပါသည်။ ၄င်း၏ တပည့်လက်ပါးစေများ၊ ညီအစ်ကိုများကသာ ဦးစီးလုပ်ကိုင်ပြီး မည်သူနှင့်မှ တိုင်ပင်ခြင်း ဆွေးနွေးခြင်းမရှိပဲ ၄င်းတို့ စိတ်ကြိုက် လုပ်ဆောင်ခဲ့ပါသည်။

နိုင်ငံတော်မှ ပြည်သူကို ဗဟိုပြုရမည်ဟု ညွှန်ကြားနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီးမှ တပည့်များနှင့် မိသားစုကို ဗဟိုပြုနေပါသည်။ ၄င်း၏ ကိုယ်ပိုင်ငွေဖြင့် ဆောင်ရွက်လျှင် ပြောစရာမရှိပါ။ နိုင်ငံတော်၏ ဘဏ္ဌာမှ ငွေများဖြစ်၍သာ တင်ပြနေရခြင်း ဖြစ်ပါသည်။ ၄င်းသိန်းတစ်ထောင်နှင့် ပတ်သက်၍ မည်သူက စစ်ဆေး၍ မည်သူက အတည်ပြုသည်ကို မသိရှိရပါ။

မွေးမြူရေးနှင့်ရေလုပ်ငန်းမှလည်း လွတ်တော်ကိုယ်စားလှယ်ကြီးအား ဘဏ်ချေးငွေများ ထုတ်ပေးထားကြောင်းကိုလည်း သိရပါသည်။ ၄င်းငွေများသည် တောင်သူများ စိုက်ပျိုးစရိတ်အဆင်ပြေစေရန် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျှင် ကျေးဇူးတင်ရမည် ဖြစ်သော်လည်း ၄င်းတို့ စိတ်ကြိုက် အတိုးနှုန်းဖြင့် လက်သင့်ရာ ချေးပေးနေခြင်း ဖြစ်သည်ကို နိုင်ငံတော်မှ မသိရှိသည်မှာလည်း လွှတ်တော်ကိုယ်စားလှယ်ကြီး၏ လုပ်ငန်းခွဲတစ်ခု ဖြစ်နေပါသည်။

သာပေါင်းမြို့နယ်သူ/သားများ နိုင်ငံတော်မှ မည်မျှဆောင်ရွက်ပေး၍ လွှတ်တော်ကိုယ်စားလှယ်မှ သူ့အတွက် မည်မျှချန်ထားသည်ကို စဉ်းစားကြပါရန် တိုက်တွန်းအပ်ပါသည်။ သာပေါင်းမြို့လေးမှာ ဖွံ့ဖြိုးမှု နောက်အကျဆုံး ဧရာဝတီတိုင်း၏ မြို့တစ်မြို့ ဖြစ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီး ပြန်လာမှပဲ မြို့ လမ်းလေးပေါ် မာစီးဒီးကား မောင်းတာ မြင်ဖူးတာ ဖြစ်ပါသည်။ သူ၏ တပည့် အောင်ခင်ဆွေ တောင် မကျီးကုန်းမှာ တိုက်အိမ်အသစ်ကြီးနှင့် ဇိမ်ခံကားကြီးနှင့် ဖြစ်နေပြီပဲလေ။ ၂၀၁၅ အတွက် ပြင်ဆင်နေကြပါပြီ။ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ သူသာလျှင် ဆက်လက်၍ အာဏာရဦးမည်ဟု ပြောထားပါသည်။ သာပေါင်း အ.ထ.က တွင် ပညာသင်ကြားပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာ၍ သူ့အတွက် အားလုံးက ဂုဏ်ယူရမည်ဟု ပြောကြားခဲ့သော်လည်း သူ့ကို မွေးထုတ်ပညာသင်ပေးလိုက်သည့် သာပေါင်း အ.ထ.က ကိုတော့ ကျေးဇူးတင်ဟန် မတူပါ။ ယခု သူ၏ နာမည်ရှေ့တွင် “ဖဒို” ဘွဲ့ကို မှတ်ပုံတင် ပြင်ခြင်းဖြင့် ရယူသွားခဲ့ပြီ ဖြစ်ပါသည်။ ဘယ်လိုခြေလှမ်းတွေ လာဦးမလဲ မသိပါ။ သာပေါင်းမြို့နယ်သူ / သားများ ၂၀၁၅ အရွေးမမှားဖို့ လိုပါသည်။



No comments: