Friday, October 17, 2014

နောက်ထပ် ဆန်းဆင့်လို အဖြစ်မခံဖို့  အာဏာရှင်ကို လက်ဦးမှုနဲ့  သုတ်သင်စို့ ။

နောက်ထပ် ဆန်းဆင့်လို အဖြစ်မခံဖို့  အာဏာရှင်ကို လက်ဦးမှုနဲ့  သုတ်သင်စို့ ။ 

အာဏာရှင်ကြီးတွေကို ဖားယားဆက်ဆံနေချိန်မှာ အခွင့်အရေးကောင်းတွေ ရနေလို့ ၊ ရာထူးတံဆိပ်တွေ တိုးမြင့်နေလို့ ၊ အဆောင်အယောင်ပစ္စည်းဥစ္စာတွေ တိုးပွားနေလို့ ၊ အရေးပေး ဆက်ဆံခံနေရလို့ ၊ သြဇာကြီးမားမှုတွေ ခံစားနေရလို့ ၊ ပြုံးပျော်ရွင်နေရလို့  အဟုတ်မအောင်းမေ့ပါနဲ့ ။ နေ့ မြင်ညပျောက် ဖြုတ်ထုတ်သတ်တဲ့အထဲမှာ ကိုယ်အလှည့် ဘယ်နေ့ ရောက်မလည်းဆိုတာ ကြိုတင်တွေးထားကြ။

အာဏာရှင်ခေတ်အဆက်ဆက်လက်ထက်မှာ ဖယ်ရှားခံခဲ့ရတဲ့၊ ထောင်နန်းစံခဲ့ရတဲ့၊ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ် ဗိုလ်ချူပ်ကြီးတွေ ၀န်ကြီး ၀န်ကြီးချူပ်တွေ ဗိုလ်မှူး ဗိုလ်မှူးကြီးတွေ ဗိုလ်လေး ဗိုလ်ကြီးတွေ တစ်ပုံကြီးဘဲ။ နေ၀င်း လက်ထက်၊ သန်းရွှေလက်ထက်၊ သိန်းစိန်လက်ထက် ဖြုတ်ထုတ်သတ်လုပ်ခံခဲ့ရတဲ့ အနီးကပ်ဆုံးသူတွေ အများကြီးဘဲ။

အာဏာရှင်ဆိုတာ သူ့ အတွက် အဆင်မပြေဖူး၊ အငြိုအငြင်ရှိတယ်၊ ကလန်ကဆန်လုပ်တယ်၊ အန္တရာယ်ရှိတယ်၊ ပြိုင်ဘက်ဖြစ်တယ်၊ နေရာထိုင်ခုံလှုပ်တယ်ဆိုရင် ဘယ်သူ့ ကိုမှ ညှာတာသနားတာ အလျဉ်းမရှိဖူး။ အတူအနီးကပ်လုပ်နေလို့ ဆိုပြီး ယုံတာ မရှိဖူး၊ အကျိုးဆောင်ရွက်ပေးနေလို့ ဆိုပြီး ထောက်ထားတာ မရှိဖူး၊ သစ္စာစောင့်ထိန်းမယ်ဆိုတာ မရှိဖူး။
 
အာဏာရှင်ဆိုတာ သူ့ အာဏာတည်မြဲဖို့ အတွက် သူကလွဲလို့  ဘယ်သူ့ ကိုမှ သူ ချမ်းသာမပေးတတ်ဖူးဆိုတာ မြန်မာအာဏာရှင်တွေမှ မဟုတ်ဖူး၊ ကမ္ဘာ့အာဏာရှင်တိုင်း ထပ်တူထပ်မျှ ပုံစံတူ အကျင့်တူ စိတ်ယုတ်တာတူ ရက်စက်ကြမ်းကြုတ်တာ အတူတူဘဲ။

အာဏာရှင်ကို နားသွားချလို့  တရားသွားပြလို့  ချော့ပြောလို့  နားမပါတဲ့ ကျား၊ မျက်စိမမြင်တဲ့ ခွေး၊ အ နေတဲ့ ၀ံပုလွေလိုဘဲ နောက်ဆုံး သူတို့ ရဲ့  ကိုက်တာ ပြန်ခံရတတ်တယ် အာဏာရှင်နဲ့  ဆက်ဆံနေကြသူတွေ သတိရှိကြရင်၊ အသက်ကို ဥာဏ်စောင့်၊ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုပ် အဆိုစကားတွေ နားလည်သွားကြမယ်။ တရားပြ နားချ ချော့မော့လို့  ရကြေးဆိုရင် တရုတ်အာဏာရှင် ရုရှအာဏာရှင် မြောက်ကိုရီးယားအာဏာရှင် မြန်မာအာဏာရှင် ဒီအာဏာရှင်တွေ ပြောင်းလဲခဲ့တာ ကြာပြီ။ ဒီအာဏာရှင်တွေ သက်ဆိုးရှည်နေတာ အဆိပ်ပင် ရေလောင်းနေသူတွေ ရှိလို့ ဘဲ။ အဆိပ်ပင်လည်း ရေ မလောင်းနဲ့  မြေဇာပင်လည်း အဖြစ်မခံနဲ့ ။
 
လောလောလတ်လတ် မြေဇာပင်ဖြစ်သွားတဲ့ ဖြုတ်ထုတ်သတ်လမ်းစဉ်မှာ ခံလိုက်ရတဲ့ ဒုဗိုလ်ချူပ်ကြီးဟောင်း စစ်ရာထူးခန့် ချူပ်ဟောင်း တိုင်းမှူးဟောင်း ၀န်ကြီးဟောင်း ဦးဆန်းဆင့် အဖြစ်က သက်သေတစ်ခုဘဲ။
 
အထူးသဖြင့် ဇတ်တူသား စားဖို့  သွေးယဉ်နေတဲ့ အာဏာရှင်ရဲ့  လုံးဝ ညှာတာမှုမရှိတာ အခံရဆုံးက တပ်မတော်ထဲက စစ်သားတွေဘဲ။ ပုခုံးချင်း ယှဉ်လာရင် ခြေထောက်ကို ရိုက်ချိုးဖြုတ်ဖဲ့ဖို့ တင်မက၊ အသွေးအသားတွေကိုပါ ထုတ်နုပ်စဉ်းပစ်တဲ့ လည်ပင်းပါ ခုတ်ဖြတ်သတ်ပစ်တဲ့ “ဖြုတ်၊ ထုတ်၊ သတ်” လမ်းစဉ်ကျင့်သုံးတဲ့ အာဏာရှင်ကြီးတွေပါ။
 
ကိုယ့်အလှည့် မရောက်ခင်မှာ မြေဇာပင် အဖြစ်ခံမလား၊ အဆိပ်ပင်ကို ရှင်းမလားဆိုတာ တပ်မတော်သားတွေ စဉ်းစားထားကြ။

 တကယ်တမ်းမှာ တပ်မတော်သားတွေမှာ လက်နက်တွေ ရှိတယ်၊ စုစည်းမှု ရှိတယ်။ အာဏာရှင်တွေမှာ ပါးစပ်က အမိန့် သာ ရှိတယ်။ ဒါကို သဘောပေါက်။
 
 

No comments: