Wednesday, October 22, 2014

လွှတ်တော်အတွင်းမှ မသူတော်များ။

လွှတ်တော်အတွင်းမှ မသူတော်များ။   

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကိစ္စမှာ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ အမှုနဲ့ ပတ်သတ်ပြီး လိုက်ပါဆောင်ရွက်နေသူတွေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ လူငယ်နှစ်ဦးရဲ့ မိဘတွေရဲ့အသုံးစရိတ်လိုအပ်နေလို့  အမျိုးသားလွှတ်တော်ကိုယ်စား အမျိုးသားလွှတ်တော်ဥက္ကဌ ခင်အောင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ် ခင်ရွှေနဲ့  လွှတ်တော်ကိုယ်စားလှယ် နေဝင်းထွန်းတို့က တစ်ဦးကို ကျပ်သိန်းတစ်ရာစီ စုစုပေါင်း ကျပ်သိန်းသုံးရာ လှူဒါန်းတယ်ဆိုပြီး အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မှတ်တမ်းတင်တယ်ဆိုပါလား။ 

မတရားစွပ်စွဲ ဖမ်းဆီးခံနေရသူ မြန်မာနိုင်ငံသားနှစ်ဦးအတွက် သူတို့ နှစ်ဦးရဲ့  မိဘတွေကို နိုင်ငံတော်စားရိတ်နဲ့  တည်းခိုနေထိုင် သွားလာစရိတ်တွေကို စီစဉ်ပေးရမှာအပြင် ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော်တွေအနေနဲ့  မြန်မာနိုင်ငံသားနှစ်ဦးအတွက် တရားဝင်ထုတ်ဖော်ပြောဆိုချက် ပြောရမှာက အဓိက ပိုဖြစ်သင့်ပါတယ်။ 

ပုဂ္ဂိုလ်တစ်ဦးချင်းစီအရ ငွေလှူတာမျိုးဆိုရင် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မှတ်တမ်းတင်စရာ မလိုအပ်ပါဖူး။ အမျိုးသားလွှတ်တော်အနေနဲ့  ငွေထောက်ပံ့တာဆိုရင်လည်း အမျိုးသားလွှတ်တော်အစည်းအဝေးအမှတ်တမ်းတင်မှာ ဒီလိုအမည်တွေနဲ့  မှတ်တမ်းတင်စရာ မလိုပါဖူး။ အခုဟာက နာမည်ကြေညာ ဂုဏ်တင်နေသလို ဖြစ်နေပါတယ်။ ကိုယ့်နိုင်ငံသားနှစ်ဦး အသက်ဘေးအန္တရယ်အထိ စိုးရိမ်နေရတဲ့အခြေအနေကို ဗန်းပြပြီး ဂုဏ်ဖော်နေကြတာ အတော့်ကို အောက်တန်းကျလွန်းပါတယ်။ သိန်းစိန်လည်း ဒီအတိုင်းပါဘဲ။ ကျေးဇူးရှင်အဖြစ် ဖန်တီးပြီး ဂုဏ်ယူနေကာ သမ္မတ သိန်းစိန်က ဘာလှူဒါန်းတယ်၊ ဘာပညာသင်ဆုတွေ ပေးတယ်၊ ဘာတွေ ကူညီတယ်ဆိုပြီး ပြည်သူ့ ဘဏ္ဍာငွေတွေကို ကိုယ်ပိုင်ငွေလိုလိုနဲ့  သုံးပြနေကြတာ။ 

ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော်ဆိုတာ ပုဂ္ဂိုလ်တစ်ဦးရဲ့  အမည်ကြီးမားအောင် ဂုဏ်ဖော် ကြေညာဖို့  ခုတုံးလုပ်ရမယ့် နေရာမဟုတ်ပါဖူး။
 
 

No comments: