Wednesday, October 15, 2014

ကျောင်းသူကျောင်းသားတစ်ယောက်ကို မတရားထိရင် ကျောင်းသားထုတစ်ရပ်လုံး ငုံ့ မခံဖူးဆိုတဲ့ ကျောင်းသားစိတ်ဓါတ်။

ကိုလိုနီခေတ်တုန်း ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ကို မြင်းစီးပုလိပ်တွေက ရိုက်ခဲ့လို့  ကျောင်းသားထုတစ်ရပ်လုံး မခံမရပ်နိုင်ဖြစ်ပြီး တစ်တိုင်းပြည်လုံး အုံကြွခဲ့ကြတယ်။

တစ်ပါတီအာဏာရှင် နေ၀င်းလက်ထက် မဆလခေတ်တုန်းက စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို မတရားပစ်သတ်ခဲ့ပြီး လိမ်ညာခဲ့လို့  ကျောင်းသားထုတစ်ရပ်လုံး မတရားမှုကို အံတုတုန့် ပြန်ခဲ့ကြလို့  ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်။
 
ယခု အာဏာရှင်လက်သစ်တွေခေတ် ကျောင်းသူ မဖြူနှင်းထွေးကို မတရားဖမ်းဆီးပြီး တိုင်းတစ်ပါးသားတွေ အလိုကျ လုပ်ခဲ့ကြတဲ့ လုပ်ရပ်ကို ကျောင်းသူကျောင်းသားတွေ လက်တွေ့  ဆန္ဒပြ ရဲဝန့် မှုနဲ့ အတူ ပြည်တွင်းပြည်ပ စုပေါင်းအား ပြသခဲ့လို့  မဖြူနှင်းထွေး လွတ်မြောက်ခဲ့တယ်။
 
ဒီသမိုင်းကို ရှေ့ ဆက်ပြီး မလွတ်မြောက်သေးတဲ့ အမိမြန်မာပြည်ကြီးနဲ့  အကျဉ်းကျခံနေရဆဲ သူရဲကောင်းများအတွက် ရဲဝန့် သော ခံယူချက်၊ ခိုင်မာသော စိတ်ဓါတ်၊ ညီညွှတ်သော စွမ်းအားတို့ ဖြင့် တိုက်ပွဲဝင်ကြပါစို့ ။
 


 

No comments: