Wednesday, October 15, 2014

ကရင်အမျိုးသားအစည်းအရုံး (KNU) က ဘာကြောင့် ဒီစာကို ထုတ်ရပါသလည်း။

ကရင်အမျိုးသားအစည်းအရုံး (KNU) က ဘာကြောင့် ဒီစာကို ထုတ်ရပါသလည်း။ 

ကရင်တိုင်းရင်းသားပြည်သူလူထုရဲ့  အကျိုးစီးပွားကို အတူတစ်ကွ စောင့်ရှောက်ဖို့  ကြေညာချက်ထုတ်ခဲ့တဲ့ “ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ များ ပြန်လည်ပေါင်းစည်းခြင်း သဘောတူညီချက်” ကို သဘောမတူတဲ့ တုန့် ပြန်ချက်လား။
 
သိန်းစိန်တို့  အာဏာရှင်တွေအပေါ် ယုံကြည်ပြီး ငြိမ်းချမ်းရေးအတုအယောင် တွေ့ ဆုံပြောဆိုနေမှုနဲ့  ဒီအခြေအနေအပေါ် မှီပြီး ရရှိနေတဲ့ အခွင့်အရေးတွေကို သာယာနေပြီး ဒီလို စာကို ထုတ်ပြန်တာလားဆိုတဲ့ မေးခွန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှာ ယခုလက်ရှိ ထိပ်ပိုင်းမှာ တာဝန်ယူနေကြတဲ့ ဗိုလ်ချူပ်ကြီးစောမူးတူးစေးဖိုးနဲ့  ခေါင်းဆောင်တွေကို မေးပါတယ်။
 
အာဏာရှင်အုပ်စုနဲ့  လည်ပင်းဖက်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့  တိုင်းရင်းသားလူမျိုးများအပေါ် သစ္စာဖောက်မယ့် မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့ ကိုမှ လက်ခံမည်မဟုတ်ဘဲ အာဏာရှင်အုပ်စုကဲ့သို့  သတ်မှတ်သဘောထားသွားမှာ ဖြစ်တယ်ဆိုတာ အသိပေးအပ်ပါတယ်။
 
တိုင်းပြည်အပေါ်မှာ သစ္စာရှိပါ။ မြန်မာပြည်သူလူထုအပေါ်မှာ သစ္စာရှိပါ၊ တိုင်းရင်းသားတွေအပေါ်မှာ သစ္စာရှိပါ။
 
 
 

No comments: