Wednesday, December 10, 2014

“တပ်ပေါင်း”ဆိုပါလား၊ သိန်းစိန်နဲ့  မင်းအောင်လှိုင် ရှင်းပါဦး။

“တပ်ပေါင်း”ဆိုပါလား၊ သိန်းစိန်နဲ့  မင်းအောင်လှိုင် ရှင်းပါဦး။

ဗိုလ်ချူပ်အောင်ဆန်း အမည်ကိုတော့ ပြောပေမယ့်၊ ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဆိုဆုံးမစကားတွေကို အလျဉ်းနားမထောင်တဲ့သူတွေက အညတရစစ်သည်တော်များကို လွမ်းသူ့ ပန်းခွေချပြခဲ့တဲ့ပွဲမှာ သုံးတဲ့ ဟာ “တပ်ပေါင်း” တဲ့၊ ဘယ်က တပ်ပေါင်းလည်း၊ ဘယ်တပ်တွေ ပေါင်းထားတာလည်း၊ ဘယ်တုန်းက တပ်တွေလည်း။ တပ်ကဆိုလို့  စစ်ယူနီဖောင်းဝတ်ထားတာဆိုလို့  ခရာမှုတ်တဲ့ တစ်ယောက်ဘဲ တွေ့ တယ်။

အာဏာရှင်ကြီးနေ၀င်းရဲ့  မြေးတွေက သူတို့  အဖိုး နေ၀င်းခေတ်က အာဏာရှင်တပ်မှုးဟောင်း ဗိုလ်ချုပ်ကြီးဟောင်းတွေ ဗိုလ်ချုပ်ဟောင်းတွေကို ဖိတ်ခေါ်ပြီး အင်အားပြ စည်းရုံး အာဏာပြတဲ့ ပွဲသက်သက်ဘဲ။

ကဲ .... သိန်းစိန်တို့  မင်းအောင်လှိုင်တို့  ရှင်းပါဦး၊ တပ်ပေါင်း ဆိုတာကို .... ။ မြန်မာပြည်သူလူထုတင်မက ယနေ့  လက်ရှိ တပ်မတော်သားတွေကလည်း သိချင်နေကြပြီ၊ ဘယ်က တပ်ပေါင်းလည်းဆိုတာ .... ။
 
 
 

No comments: