Wednesday, December 10, 2014

အချိန်မတိုင်ခင် အကြွေစောခဲ့ရတဲ့ မအေးစန္ဒာသိန်း (Royal Express) အမြန်ချောပို့ ။

အချိန်မတိုင်ခင် အကြွေစောခဲ့ရတဲ့ မအေးစန္ဒာသိန်း (Royal Express) အမြန်ချောပို့ ။

မအေးစန္ဒာသိန်းဟာ အလုပ်တာဝန်ထမ်းဆောင်သွားစဉ် မနေ့ တစ်နေ့  ဒီဇင်ဘာလ (၈) ရက်နေ့ ၊ တနလာင်္နေ့ ညနေ (၆) နာရီခန့်အချိန်မှာ သိမ်ဖြူလမ်းကို ဖြတ်ကူးစဉ် အဓိပတိ (အနီ) ယာဉ်မောင်းတစ်ယောက်ရဲ့ စဉ်းစားစဉ်ခြင်ဥာဏ်မရှိခြင်း၊ ယာဉ်ကိုလဲ ကျွမ်းကျင်စွာ မမောင်းနိုင်ခြင်း၊ စည်းကမ်းမဲ့ပြီး ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခြင်းတို့ အပြင် လိုင်းကားကို လိုင်းကားအသွင်ဖြင့် မမောင်းနှင်ပဲ ပြိုင်ကားအသွင်မောင်းနှင်မှုကြောင့် ကားတိုက်မိကာ အသက်သေဆုံးခဲ့သွားပါတယ်။

စာနာမူမရှိတဲ့ တရားခံယာဉ်မောင်းဟာ ကူညီဖေးမမူ မရှိဘဲ အတ္တစိတ်ကြီးစွာနဲ့ ယခုအချိန်ထိ တရားဥပဒေကို ရှောင်လွဲကာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။

တရားခံယာဉ်မောင်းအမည် - ကျော်ဇင်လတ်၊
လိုင်စင်အမှတ် (ခ/ 01101/12)၊
မှတ်ပုံတင်အမှတ် -12/ ကမရ (နိုင်) 145145 ဖြစ်ပါတယ်။

တရားခံ ကျော်ဇင်လတ်ရဲ့  အဓိပတိယာဉ်လိုင်းနှင့် မထသ (ဗဟို) မှ လုပ်ကိုင်ခွင့်လက်မှတ် (နံပါတ်) ကို တာဝန်ရှိသူသူတွေက မဖော်ပြပါ။ ကားမောင်းကျွမ်းကျင်မူမရှိသူ၊ တရားဝင်မောင်းနှင်ခွင့်လိုင်စင်မရှိသူ၊ ကားလိုင်စင်မပြသနိုင်သူ ထိုသူများက ကားမောင်းခွင့်ရနေကြပါတယ်။ တရားခံ ကျော်ဇင်လတ် ကိုင်ဆောင်သော ( ခ ) လိုင်စင်သည် ကားကြီး မောင်းနှင်ခွင့် မရှိဘဲ မောင်းခွင့်ပေးထားတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်း ကျော်ဇင်လတ်အား တရားဥပဒေဘောင်အတွင်းမှ လျင်မြန်စွာ ဖမ်းဆီးအရေးယူပေးပါရန် အများပြည်သူလူထုအား တိုင်တည်သက်သေထား၍ တောင်းဆိုအပ်ပါတယ်။ ထို့ အတူ ကားကြီးမောင်းခွင့်မရှိသူအား ခွင့်ပြုသည့် အဓိပတိယာဉ်လိုင်းအားလည်း သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးယူပါရန်ကိုလည်း တိုင်ကြားအပ်ပါတယ်။
 
 
 

No comments: