Tuesday, December 16, 2014

လေးစားဂုဏ်ပြုထိုက်သူ Tori Johnson နဲ့  Katrina Dawson ။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့  Lindt Chocolate Cafe ကဖေးဆိုင် အကြမ်းဘက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ Tori Johnson နဲ့  Katrina Dawson တို့  နှစ်ဦးဟာ လေးစားဂုဏ်ပြုထိုက်သူ သူရဲကောင်းနှစ်ဦးပါ။

နာရီပေါင်း (၁၇) နာရီနီးပါး အချိန်ကြာမြင့်သည့်တိုင်အောင် အခြေအနေထူးခြားမှု မရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းခံနေရသူတွေအားလုံး လွတ်မြောက်ဖို့ အတွက် ပထမဦးဆုံး စတင်ကြိုးပမ်းသူကတော့ Lindt Chocolate Cafe ကဖေးဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် Tori Johnson ဖြစ်ပါတယ်။ သူဟာ အကြမ်းဘက်သမားကို ၀င်ရောက်လုံးဖက်ပြီး လက်ထဲက သေနတ်ကို လုယူရင်း အခြားသော ဓားစာခံတွေ ထွက်ပြေးလွတ်မြောက်နိုင်စေရန် အခွင့်အရေးကို သူ့ ရဲ့  အသက်ကို စွန့် လွှတ်ပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။ သူ့ ရဲ့  Lindt Chocolate Cafe ကဖေးဆိုင်ပိုင်မှာ လာရောက်သုံးဆောင်ကြတဲ့ စားသုံးသူတွေရဲ့  အသက်အတွက် သူ့ ရဲ အသက်ကို မငဲ့ညာဘဲ တာဝန်ယူစိတ်အပြည့်နဲ့  ရဲရဲဝန့် ဝန့်  ဆောင်ရွက်ခဲ့တဲ့ သူရဲကောင်းတစ်ဦးပါဘဲ။

Lindt Chocolate Cafe ကဖေးဆိုင်ပိုင်ရှင် Tori Johnson ကနေ အကြမ်းဘက်သမား Man Haron Monis ကို ၀င်ရောက်လုံးဖက်မှုနောက် သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်လာတဲ့အချိန်မှာ ကဖေးဆိုင်အပြင်မှာ အသင့်စောင့်ဆိုင်းနေကြတဲ့ လုံခြုံရေး အထူးရဲတပ်ဖွဲ့ ဝင်တွေဟာ ဆိုင်အတွင်းကို အလျင်အမြန် ၀င်ရောက်ပြီး အကြမ်းဘက်သမားကို အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် အသေဖမ်းဆီးရမိခဲ့ပါတယ်။

Lindt Chocolate Cafe ကဖေးဆိုင် အကြမ်းဘက်မှုမှာ နောက်ထပ် အသက်ဆုံးရှုံးခဲ့ရသူတစ်ဦးကတော့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး ရှေ့ နေ Katrina Dawson ဖြစ်ပါတယ်။ ဓားစာခံဖမ်းဆီးခံရသူတွေထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးနှစ်ဦးပါရှိတဲ့အထဲက တစ်ဦးဟာ Katrina Dawson ရဲ့  သူငယ်ချင်းဖြစ်ပြီး ကဖေးဆိုင်ကို အတူတူလာရောက်စားသောက်ရင်း ဓားစာခံဖြစ်ခဲ့ကြပါတယ်။ Katrina Dawson ဟာ သူမရဲ့  သူငယ်ချင်း ကိုယ်ဝန်သည်ကို အကာအကွယ်ပေးရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ မိမိအသက်ကို မငဲ့ညာဘဲ ကိုယ်ဝန်ရှိနေတဲ့ မိမိရဲ့  သူငယ်ချင်းအတွက် အဓိကထားကာ ကာကွယ်မှုပေးရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ Katrina Dawson မှာ ရှစ်နှစ်အရွယ် ငါးနှစ်အရွယ်နဲ့  သုံးနှစ်အရွယ် ကလေးငယ် သုံးဦး ကျန်ရစ်ခဲ့ပါတယ်။

 မိမိတို့ ကိုယ်တိုင် ဓားစာခံဖြစ်နေပေမယ့် အခြားသော ဓားစာခံများ လွတ်မြောက်ဖို့ အတွက် မိမိတို့ ရဲ့ အသက်ကို ရင်းကာ မြင့်မြတ်စွာနဲ့  လူသားပီသတဲ့ လုပ်ရပ်ကို အသက်ပါ ပေးဆပ်ပြီး ရဲရဲဝန့် ဝန့်  လုပ်ဆောင်ခဲ့တဲ့ Tori Johnson နဲ့  Katrina Dawson တို့  နှစ်ဦးကို တစ်ကမ္ဘာလုံးက ပြည်သူပြည်သားများက လေးစားဂုဏ်ပြုလျက် ရှိနေကြပါတယ်။




No comments: