Sunday, February 1, 2015

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ဘဲ ကျင်းပမယ်၊ ဗိုလ်ချူပ်အောင်ဆန်းရဲ့  နှစ်တစ်ရာပြည့် မွေးနေ့ တော့ မဟုတ်ဖူး။

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ဘဲ ကျင်းပမယ်၊ ဗိုလ်ချူပ်အောင်ဆန်းရဲ့  နှစ်တစ်ရာပြည့် မွေးနေ့ တော့ မဟုတ်ဖူး။

ဗိုလ်ချူပ်အောင်ဆန်းရဲ့  မွေးနေ့ ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ကို မြန်မာနိုင်ငံကလေးများနေ့ လို့  သတ်မှတ်ထားခဲ့ပေမယ့်၊ အစိုးရ...က ဦးစီးပြီး နိုင်ငံအတိုင်းအတာအနေနဲ့  ကြီးမှူးကျင်းပပေးခဲ့ခြင်း မရှိခဲ့ပါဖူး။ ဒါပေမယ့် ဒီနှစ် မကြာခင်မှာ ကျရောက်မယ့် ဗိုလ်ချူပ်အောင်ဆန်းရဲ့  နှစ် ၁၀၀ ပြည့် မွေးနေ့ ရက်မှာ မြန်မာနိုင်ငံကလေးများနေ့  နိုင်ငံတစ်ဝန်းရှိ မြို့ များမှာ ကျင်းပဖို့  မြန်မာနိုင်ငံကလေးများနေ့  ကျင်းပရေးစီမံချက်ကို လုပ်ဆောင်နေတယ်လို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်ကနေ ပြောကြားခဲ့တာ သိရှိရပါတယ်။

တစ်နှစ်တစ်ခါမှ အစိုးရက ကြီးမှူးဦးဆောင်ပြီး မြန်မာနိုင်ငံကလေးများနေ့ ကို မကျင်းပခဲ့ဘဲ ယခုနှစ်ကျမှ ထူးထူးဆန်းဆန်း အစိုးရက ကြီးမှူးကျင်းပမယ်ဆိုတော့ ရုတ်တရက်ကြည့်လိုက်ရင်တော့ ဟုတ်မှန်သလို ရှိပေမယ့်၊ ယုတ်မာတဲ့ ရည်ရွယ်ချက်နဲ့  ဆိုတာ သိသာနေတယ်။

ဒီနှစ်မှာ မြန်မာနိုင်ငံကလေးများနေ့ ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ကျင်းပသလို တစ်ပြိုင်နက်ထဲမှာလည်း လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကိုလည်း အစိုးရက ကြီးမှူးပြီး ဦးစီးဆောင်ရွက်ပေးသင့်တာပါ။ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ချယ်သပြသရမယ့်အစား ယခုတော့ မျက်နှာကိုတော့ ချန်ထားပြီး ခြေလက်ကိုသာ ပေါင်ဒါ သနပ်ခါးလိမ်းပြီး ပြသတဲ့ပွဲလို ဖြစ်နေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မှာ မြန်မာနိုင်ငံကလေးများနေ့ ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  လုပ်ပြတယ်ဟေ့လို့  ပြောပြီး မလိမ့်တပါတ်နဲ့  နိုင်ငံ့ဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ထိုက်ထိုက်တန်တန် ချီးမြှောက်ဂုဏ်ပြု အလေးထားသင့်တဲ့ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ်ကိုတော့ ဖုံးအုပ် ပေါ့လျော့စေအောင် လုပ်မယ့် သိန်းစိန်တို့ ရဲ့  ကလိမ်ကကျစ်ဥာဏ်ပါ။

ဘယ်လောက် ကလိမ်ကကျစ်ကျ လှည့်ဖြားတတ်သလည်းဆိုတာပါ။ တိုင်းပြည်နဲ့  ပြည်သူလူထုအကျိုးစီးပွားအတွက်ဆိုရင် နည်းနည်းလေးမှ စေတနာ မထားတဲ့ ဒီလို ကောက်ကျစ်တတ်တဲ့ သိန်းစိန်တို့  နှုတ်ဖြားက မုသားစကားနဲ့  လက်က ရမ်းကားမှုတွေကို မြင်တတ် ကြည့်တတ်ကြရင်း လှည့်ဖြားခံရခြင်းမှ ထပ်ကာထပ်ကာ ကင်းဝေးနိုင်ကြပါစေ။

လာမယ့် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ဟာ ဗိုလ်ချူပ်အောင်ဆန်းရဲ့  နှစ်တစ်ရာပြည့်မွေးနေ့ ပါ။


No comments: