Sunday, March 22, 2015

ဗိုလ်ချူပ်အောင်ဆန်းသာ အသက်ရှိနေသေးရင် ဒီ လူလိမ် လူယုတ်မာ သိန်းစိန်တို့ အကုန်လုံးကို ပါးချည်း လိမ့်ရိုက်မှာ သေချာတယ်။

လူလိမ်လူညာ သိန်းစိန်က လွန်ခဲ့တဲ့ ၂၀ ရက်နေ့ က ဘီဘီစီနဲ့  အင်တာဗျူးမှာ အကုန်ကို လိမ်ညာပြောသွားတာဘဲ။ အတော့်ကို သိက္ခာမရှိ အရှက်မရှိ အသံညောင်နာနာနဲ့  ဗြောင်ကျကျ လိမ်ပြောသွားတာ ကြားသိရသူတိုင်း အော့နှလုံးနာ ရွံရှာကြမှာ အမှန်ပါဘဲ။

ဒီလို လိမ်ညာပြောဆိုတဲ့အထဲက တစ်ခုဖြစ်တဲ့ - “ပုဒ်မ ၅၉ (စ)ဟာ ဒေါ်အောင်ဆန်းစုကြည်အဖေကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံမှာ ပါဝင်ခဲ့တယ်” လို့  ဖြေကြားသွားတာပါ။

ဗိုလ်ချူပ်အောင်ဆန်းသာ အသက်ရှိနေသေးရင် သိန်းစိန်ကို ဂျပန်ပါးရိုက်သလို ဘယ်ပြန်ညာပြန် ရိုက်ရုံမက အမျိုးသားသစ္စာဖောက်ဆိုပြီး ရွယ်ထားတဲ့ ဓါးနဲ့  ပါ ခုတ်သတ်မလား မသိ။

ဗိုလ်ချူပ်အောင်ဆန်းတို့  ရေးဆွဲပြဌန်းခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်နဲ့  သိန်းစိန်တို့ ရဲ့  ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေဟာ ကွာခြားပါတယ်။

သိန်းစိန်တို့ ဟာ ဗိုလ်ချူပ်အောင်ဆန်းတို့  ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့  စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေကဘဲ ၂၀၀၈ ခုနှစ် ဖွဲ့  စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေနဲ့  တူသလိုလိုနဲ့  ဗိုလ်ချူပ်အောင်ဆန်းကိုပါ စော်ကားပြီး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ ဖွတ်ပါတီ အနိုင်ရဖို့  အတွက် ပြည်သူလူထုကို အခုထက်ထိ နားလှည့်ပါးရိုက်လုပ်နေ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ယခုလည်း ဘီဘီစီနဲ့  အင်တာဗျူးမှာ အရှက်မရှိ လိမ်ပြောပြန်တယ်။

ဗိုလ်ချူပ်အောင်ဆန်းတို့  ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေမှာ - သမ္မတအဖြစ် ၀င်ရောက်အရွေးချယ်ခံမည့် ပုဂ္ဂိုလ်သာလျှင် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာခံယူသူ အခွင့်အရေးများ ကျေးဇူးခံစားခွင့်များ မရှိသောသူ ဖြစ်ရမည်ဟု သတ်မှတ်ထားတာပါ။

သိန်းစိန်တို့  ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေမှာတော့ - သမ္မတအဖြစ် ၀င်ရောက်အရွေးချယ်ခံမည့် ပုဂ္ဂိုလ်သာမကဘဲ သူ့ ရဲ့  မိဘ ဇနီးခင်ပွန်း သားသမီး သားသမီးရဲ့  ဇနီးခင်ပွန်းတွေကိုပါ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာခံယူသူ အခွင့်အရေးများ ကျေးဇူးခံစားခွင့်များ မရှိသောသူ ဖြစ်ရမည်ဟု နောက်ဆက်တွဲသူတွေကိုပါ ထည့်သွင်း သတ်မှတ်ထားပါတယ်။

ဒီလို သိသိသာသာကြီး ကွာခြားနေတာကို ဗြောင်လိမ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေးကို ဦးတည်ရေးဆွဲသတ်မှတ်ထားရုံမက အခုဆိုရင် ဗိုလ်ချူပ်အောင်ဆန်းကိုပါ ယုတ်မာစွာ ဆွဲထည့်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ပိုင်ခွင့် သတ်မှတ်ချက်တွေက ဗိုလ်ချူပ်အောင်ဆန်း ရေးဆွဲတာနဲ့ တူတယ်ဆိုပြီး ယုတ်မာပက်စက်စွာနဲ့  လှည့်ဖြားနေပါတော့တယ်။

ဗိုလ်ချူပ်အောင်ဆန်းသာ အသက်ရှိနေသေးရင် ဒီ လူလိမ် လူယုတ်မာ သိန်းစိန်တို့ အကုန်လုံးကို ပါးချည်း လိမ့်ရိုက်မှာ သေချာတယ် ….. ။


No comments: