Thursday, March 26, 2015

သန်းရွှေ သေဆုံးခဲ့ပြီးပြီလား .... ။

အာဏာရှင်ကြီး သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်က သူ့ ရဲ့  ဖေ့စ်ဘွတ်စာမျက်နှာမှာ “ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ Ipad နည်းပြဆရာမ” ဆိုပြီး ယခု တင်ထားတဲ့ သန်းရွှေရဲ့  ဓါတ်ပုံအပေါ် ထင်မြင်ချက်တွေက ယနေ့ လက်ရှိအချိန်ကာလထိ သန်းရွှေဟာ သူ့ ရဲ့ နေအိမ်မှာ ကျန်းကျန်မာမာ ရှိနေတယ်လို့  ထင်နေကြပါတယ်။ ထို့ အပြင် သန်းရွှေရဲ့  နေအိမ်မှာ ရိုက်ထားတာလို့ လည်း ပြောဆိုနေကြပါတယ်။

ဒီဓါတ်ပုံရဲ့  အချက်အလက်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဒီဓါတ်ပုံဟာ ယခုအချိန်ကာလ ၂၀၁၅ ခုနှစ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံမဟုတ်ဖူးဆိုတာ... သိရှိရပါတယ်။ ဒီဓါတ်ပုံဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကာလဖြစ်တဲ့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၂၅) ရက်နေ့ မှာ ရိုက်ထူးခဲ့တဲ့ ဓါတ်ပုံပါ။ တိတိကျကျ ထပ်ပြောရရင် အချိန်က ညနေ ၃ နာရီ ၄၁ မိနစ် ၅၇ စက္ကန့် မှာ ရိုက်ကူးခဲ့တာပါ။ နေအိမ်က သန်းရွှေရဲ့  နေအိမ် မဟုတ်ဘဲ သန်းရွှေရဲ့  သမီးဖြစ်သူနေအိမ်မှာ ဖြစ်ပါတယ်။

ဘာကြောင့် ယခုလိုအချိန်ကာလမျိုးမှာမှ နေရွှေသွေးအောင်က သန်းရွှေရဲ့  ဒီလိုပုံကို တင်ရတာလည်း၊ ရည်ရွယ်ချက်ရှိရှိနဲ့  သန်းရွှေ ကျန်းကျန်းမာမာ ရှိနေတယ်လို့  ထင်မြင်ယူဆစေအောင် လုပ်ဆောင်တာလား။

၂၀၁၂ ခုနှစ် နှစ်ကုန်နဲ့  ၂၀၁၃ ခုနှစ် နှစ်အစပိုင်းလောက်မှာ သန်းရွှေတစ်ယောက် ကျန်းမာရေးအခြေအနေ ဆိုးရွားနေတာ၊ သေဆုံးတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာ မှတ်မိကြမှာပါ။ ကောလဟာလဆိုပြီး သတင်း ပြန်လည်ပျေက်ကွယ်သွားခဲ့ပါတယ်။ ဒီလို သတင်းတွေထွက်ချိန်မှာဘဲ သိန်းစိန်တို့ နဲ့  ကြံ့ ဖွတ်ဌေးဦးတို့ က သန်းရွေတစ်ယောက် အိမ်မှာ ကျန်းမာရေးကောင်းကောင်းမွန်မွန်နဲ့  စာဖတ်နေတယ်၊ သွားရောက်တွေ့ ဆုံခဲ့တယ် စသဖြင့် သန်းရွှေ သေတယ်ဆိုတာ မဟုတ်ဖူးဆိုတဲ့ သဘောနဲ့  ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာလည်း သန်းရွှေရဲ့  မိန်းမ ဒေါ်ကြိုင်ကြိုင်နဲ့  သမီးတွေ ဓါတ်ပုံတွေ လူအများမြင်ကွင်းမှာ ထွက်ပေါ်လာခဲ့ပေမယ့် သန်းရွှေပုံကတော့ ယနေ့ ထိတိုင် ထွက်ပေါ်လာခြင်း လုံးဝ မရှိခဲ့ရာကနေ ယခု နေရွှေသွေးအောင် ဖော်ပြလိုက်တဲ့ ဒီဓါတ်ပုံသာ ပြန်လည်တွေ့ ရတာ ဖြစ်ပါတယ်။

သိန်းစိန်တို့ နဲ့  သန်းရွှေမိသားစုဝင်တွေဟာ သန်းရွှေ သေဆုံးပြီးဖြစ်နေတာကို ဖုံးကွယ်ထားကြသလား၊ သိန်းစိန်တို့ ရဲ့  ၂၀၁၅ ခုနှစ်အလွန် ၄င်းတို့  မျှော်မှန်းထားတဲ့ အရပ်သားအယောင်ဆောင်အစိုးရအဖြစ် တိုင်းပြည်ကို အပြည့်အ၀ ကိုင်တွယ်အုပ်ချုပ်နိုင်တဲ့ တစ်နေ့ ကျမှ သန်းရွှေ သေဆုံးမှုဆိုတဲ့ သတင်းကို ထုတ်ပြန်မှာလား၊ သန်းရွှေ မသေသေဖူး ရှိနေသေးတယ်ဆိုတဲ့ ပုံစံနဲ့  လိုအပ်သလို သန်းရွှေကို ဗန်းပြပြီး အကွက်ထွင် ထိန်းချုပ်မှုတွေ လုပ်နေတာလားဆိုတာ သံသယဖြစ်ဖွယ်ပါဘဲ။

၂၀၀၈ ခုနှစ်၊ ဇူလိုင်လနဲ့  အောက်တိုဘာလတုန်းက ရိုက်ထားတဲ့ သန်းရွှေရဲ့  မြေးမလေးပုံတွေကို ဖော်ပြလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်က ရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့  နှိုင်းယှဉ်ကြည့်ရင်လည်း အခုဖော်ပြထားတဲ့ သန်းရွေရဲ့  ဓါတ်ပုံနဲ့  အချိန်ကာလ သိပ်မကွာဖူးဆိုတာ သိသာပါတယ်။

ဒါကြောင့် နေရွှေသွေးအောင် ယခုတင်ထားတဲ့ သန်းရွှေရဲ့  ပုံဟာ ၂၀၁၂ ခုနှစ်က ပုံသာဖြစ်ပြီး၊ ရည်ရွယ်ချက်ရှိရှိနဲ့  တင်တယ်ဆိုတာ သိသာထင်ရှားနေပါတယ်။

သန်းရွှေ သေဆုံးခဲ့ပြီးပြီလား .... ။

နစ်နေမန်း။





No comments: