Thursday, March 26, 2015

ပုံသဏ္ဍန်မကျ မမျှတတဲ့ လစာတိုးမှု ပုံစံ။

ပုံသဏ္ဍန်မကျ မမျှတတဲ့ လစာတိုးမှု ပုံစံ။

သာမန်ဝန်ထမ်းတွေ လစာတိုးနှုန်းက နည်းနည်း၊ သိန်းစိန်တို့  ၀န်ကြီးတွေနဲ့  စစ်ဗိုလ်ချုပ်တွေ လစာတိုးတာကြတော့ အဆပေါင်းများစွာနဲ့ ။

ဝန်ကြီးတွေ စစ်ဗိုလ်ချုပ်တွေကတော့ ဖောင်းကားပြီး ပူနေတဲ့ ဗိုက်ကို တစ်ပွတ်ပွတ်နဲ့ ။...

 အစိုးရဌာဆိုင်ရာ ၀န်ထမ်းတွေကတော့ လစာနည်းနည်းတိုးတာကို ခဏတာ ဖီလင်ခံနေကြလေရဲ့ ။

အစိုးရဌာနဆိုင်ရာဝန်ထမ်း မဟုတ်တဲ့ ပြင်ပက အလုပ်သမားတွေကတော့ ဒုံရင်းက ဒုံရင်းတင်မက လစာတိုးတောင်းမိလို့  မုန့် တော့ မရ ဒုတ်သာရလေရဲ့ ။

အမှန်တကယ်မှာတော့ သိန်းစိန်တို့ ရဲ့  သူတို့ အစိုးရအဖွဲ့ ဝင်တွေနဲ့  စစ်ဗိုလ်ချုပ်တွေ ကောင်းစားသထက် ပိုကောင်းစားအောင် လူလည်ကျမှု၊ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းတွေကို နှုတ်ပိတ်စေတဲ့ ချွေးသိပ်မှု၊ အစိုးရ၀န်ထမ်းတွေနဲ့  ပြင်ပက အလုပ်သမားတွေအကြား ခွဲခြားမှု၊ နိုင်ငံရေးကိစ္စတွေ တိုင်းပြည်အရေးတွေ အခက်ကြုံလာရင် တင်းမာလာရင် လစာတိုးတာ ပြုလုပ်လေ့ရှိတဲ့ အာရုံပြောင်း နှစ်သိမ့်မှု၊ ရွေးကောက်ပွဲ နီးလာရင် နာမည်ကောင်း ရယူ မဲဆွယ်မှုတို့ ဆိုတာ ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် မြင်နိုင်ပါတယ်။


No comments: