Thursday, March 5, 2015

လူဆိုးသူခိုးတွေကို တာဝန်လက်ပါတ်တွေ ပေးဝတ်ထားပြီး ကျောင်းသားတွေကို ၀င်ရိုက်ခိုင်း။

ရန်ကုန် မြို့ တော်ခမ်းမရှေ့ မှာ ငြိမ်းချမ်းစွာ ထိုင်သပိတ်ဆင်နွဲနေတဲ့ ကျောင်းသူကျောင်းသားတွေကို “တာဝန်” လက်ပါတ်တွေနဲ့  သူတွေက ၀င်ရောက်ရိုက်နှက်ပြီး ရဲတွေကလည်း ၀င်ရောက်ရိုက်ပုတ်ကာ အကြမ်းဘက် ဖမ်းဆီးမှု ပြုခဲ့ကြပါတယ်။

ဒီလို အကြမ်းဘက်မှုဟာ ဥပဒေမဲ့ ထင်ရာစိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အထူးသဖြင့် “တာဝန်” လက်ပါတ် ပတ်ထားသူတွေဟာ တရားဝင် လုံခြုံရေး တပ်ဖွဲ့ ဝင်တွေ မဟုတ်ပါဖူး။

ဒီလုပ်ရပ်ဟာ အာဏာရှင်သိန်းစိန်တို့ က ပြည်သူလူထုအပေါ် ရိုင်းစိုင်းစွာ စိန်ခေါ်မှု လုပ်လိုက်တာပါ။


No comments: