Monday, April 20, 2015

အဆင့်ဆင့်တာဝန်ခံမှုနဲ့  တာဝန်ယူမှု မရှိတဲ့ အုပ်ချုပ်မှုခေတ်ကြီးမှာ ဒါမျိုးတွေ ထပ်ထပ်ဖြစ်နေမှာ စိုးမိပါရဲ့ ။

စာမေးပွဲကျလို့ ဆိုပြီး တစ်နေ့ က ကိုးတန်းကျောင်းသူလေးတစ်ယောက် တိုက်အမြင့်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့သတင်း ဖတ်ရတယ်။ ဒီနေ့  ကော့ကရိတ်မြို့ မှာ ၈ တန်းကျောင်းသားတစ်ယောက် ပညာရည်ထူးချွန်ပါလျက်နဲ့  စာမေးပွဲကောင်းစွာဖြေဆိုနိုင်ပါလျက်နဲ့  စားမေးပွဲအောင်စာရင်းထဲမှာ မပါလာခဲ့ဖူး။

နောက်ဆုံး ပညာရည်ထူးချွန်တဲ့ ကျောင်းသား မောင်ထက်အောင်ပိုင်ကရော ဆရာဆရာမတွေကရော မဖြစ်နိုင်ဖူးလို့  ဆိုကာ ဘားအံပြည်နယ်ပညာရေးမှူးရုံးကို ပြန်ပြီးအကြောင်းကြားမှသာ စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ပါကြော...င်း ပြန်အကြောင်းကြားလာလေရဲ့ ။

 တကယ်အရည်အချင်းမပြည့်မီလို့  စာမေးပွဲကျရတာဆိုတာကတစ်မျိုး၊ အခုလိုမျိုး စာမေးပွဲအောင်စာရင်းထုတ်ပြန်တဲ့သူတွေရဲ့  ပေါ့ဆမှုတွေကြောင့် မှားယွင်းဖော်ပြမိတာက ငယ်ရွယ်နုပျိုတဲ့ ကျောင်းသူကျောင်းသားတွေအတွက် စိတ်ထိခိုက်ပြီး အသက်အန္တရယ်ရှိစေနိုင်တဲ့လုပ်ရပ်လုပ်မိရင် မခက်ပါလား။

အဆင့်ဆင့်တာဝန်ခံမှုနဲ့  တာဝန်ယူမှု မရှိတဲ့ အုပ်ချုပ်မှုခေတ်ကြီးမှာ ဒါမျိုးတွေ ထပ်ထပ်ဖြစ်နေမှာ စိုးမိပါရဲ့ ။


No comments: