Monday, April 20, 2015

အထူးမေတ္တာရပ်ခံချက်။

အထူးမေတ္တာရပ်ခံချက်။

"မနက်အစော ဆေးခန်းက အပြန် ကျွန်မ နဲ့ ကျွန်မ သမီးနဲ့ ဇွန်လေး တို့ အိမ်ကို သွားပါတယ်
နာရေးအိမ်ကို ရောက်တော့ ဇွန်လေးရဲ့ အမ ၂ ယောက်ပဲ ရှိပါတယ် - ဖေဖေ ရော မေမေ ရော ဆေးရုံကနေ ရေဝေးကို ညီမလေးကို သွားပို့တယ် လို့ အမ အကြီးက ပြောပါတယ်...

 အမ ၂ ယောက် လုံး မျက်ရည်လည်ရွဲနဲ့ ကျွန်မတို့လဲ မျက်ရည်များ မထိန်းနိုင်ခဲ့ပါဘူး

အဲဒီမှာ ဇွန်လေးရဲ့ အမ အကြီး ရဲ့ ခံစားချက်ရင်ဖွင့်သံများကို ကြားရပါတယ်။ ငိုလိုက် ပြောလိုက်နဲ့ မကြည့်ရက် စရာပါဘဲ မနေ့က မောင်လေး Wai Zin ကျွန်မ ရှယ်ထားတဲ့ ပို.စ်တခုမှာ ရေးထားတဲ့ Comment များနဲ့ ဇွန်လေး အမကြီးပြောတဲ့ ဖြစ်စဉ်တွေက လုံးဝ ကွက်တိပါ။ ဒါကြောင့် ဒီဖြစ်စဉ်များဟာ လုံးဝ အမှန်ပါ။

အဓိက သေဆုံးသူ မိသားစု အခံစားရဆုံးက - ဇွန်လေးရဲ့ မကြည့်ရက်စရာ သေဆုံး နေမှုကို ရုပ်ထင်ထင်ရှားရှား နဲ့ ကွက်ကွက်ကွင်းကွင်း ရီုက်ပြထားတဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပျံ့နှံ့ နေမှုပါ
" အမ ရယ် - သူတို့တွေ အသည်းနှလုံး မရှိကြဘူး လား - ညီမလေးရဲ့ ရုပ်ပျက်ဆင်းပျက်ပုံကို အွန်လိုင်းမှာ တင်တဲ့ သူက လဲ တင်ကြတယ် - ရှယ်တဲ့ သူကလဲ ရှယ်ကြတယ် - ကောမန့်တွေကလဲ မြင်မကောင်းဘူး - သမီးတို့ အရမ်းခံစားရတယ်- လုံးဝ မမြင်ရက်ဘူး - အမ တို့ တတ်နီုင်သလောက် ဖြုတ်ခိုင်းပေးကြပါ " လို့ ပြောပါတယ်။ အမှန်ပါ - ကျွန်မ သမီး လေးသာ ဖြစ်ရင်လို့ တွေးလိုက်မိတာနဲ့ကို .. ကျွန်မ ရင်ထဲမှာ ဆောင့်တက်သွားပါတယ် - ကျွန်မ သာဆို အဲလို ပုံ မြင်ရတာနဲ့တင် အသက်ပါသွားမလားပါဘဲ။

ဒါကြောင့် စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်မ ဒီပို.စ်ကို ရေးပါတယ်။ သမီးလေးချင်း ကိုယ်ချင်းစာတဲ့ အနေနဲ့ ကျွန်မ ဒီပို့စ်ကိုရေးပါတယ်။ သေဆုံးသူ သမီးလေး ဇွန်လေးနွယ် မိသားစု ရဲ့ မေတ္တာရပ်ခံချက်နဲ့ ဒီပို့စ်ကို ရေးပါတယ်။ သေဆုံးနေပုံ ဓါတ်ပုံများ ဖြုတ်ပေးကြပါ။"


No comments: