Tuesday, May 12, 2015

ကျဆုံးစစ်သည်တော်အပေါင်းတို့  ရောက်ရာအရပ်မှ ကြည့်ကြလော ... ။

ကျဆုံးစစ်သည်တော်အပေါင်းတို့  ရောက်ရာအရပ်မှ ကြည့်ကြလော ... ။

သင်တို့  ပေးဆပ်ခဲ့ရသော တန်ဖိုးရှိလှသည့် အသက်သည် တိုင်းပြည်အတွက်လော၊ အာဏာရှင်အတွက်လော ... ။

ဖုန်ကြားရှင်ကို တိုက်ရန်ဟု ပြောဆိုအမိန့် ပေးခဲ့ကြသော ယနေ့  အာဏာရှင်များသည် အဆိုပါ ဖုန်ကြားရှင်၏ သားဖြစ်သူနှင့် ဖက်လှဲတကင်း လက်ဆွဲနှုတ်ဆက်ကာ ရှိပေသည်။

အာဏာရှင်များသည် အသင်တို့ အား အသက်သေဆုံးစေသည်အထိ လိမ်ညာအမိန့် ပေး ခုတုံးလုပ် ခိုင်းစေခဲ့ကြပေသည်။ အသင်တို့  သေဆုံးသည့်အခါတွင်လည်း စစ်မြေတလင်း၌ ပစ်ပယ်ထားရှိခဲ့ကြပေသည်။ အသင်တို့ ဝိညာဉ်မဲ့နေသော ခန္ဓာကိုယ်အား အသင်တို့  ပြန်မြင်ကြည့်နိုင်ပေသည်။

အာဏာရှင်များသည် အာဏာတည်တံ့ရေးအတွက် အသင်တို့ သာမက မည်သူကိုမဆို စတေးကြသည်ကို အသင်တို့ က လက်တွေ့  အသက်ပေးခဲ့ရခြင်းဖြင့် ဦးစွာပြသခဲ့ပေပြီ။

ကျဆုံးစစ်သည်တော်အပေါင်းတို့  အသင်တို့  ရောက်ရာဌာနေမှ အသင်တို့ ကဲ့သို့  ကျန်ရှိနေကြသောသူများ အလားတူ ပေးဆပ်ခြင်းမျိုးမဖြစ်စေရန် အသင်တို့  ၀ိညာဉ်များဖြင့် တားဆီးကြပါလော့ ... ။

အသင်တို့ အား ရက်စက်စွာ မတရားအမိန့် ပေးခဲ့ကြသော အာဏာရှင်များအား အသင်တို့ ၏ ၀ိညာဉ်များဖြင့် တိုက်ခိုက်ကြပါလော ... ။

ကျဆုံးစစ်သည်တော်အပေါင်းတို့  .... ကျွန်ုပ်တို့  ပြည်သူအပေါင်းမှ အသင်တို့ အတွက် များစွာ ကြေကွဲဝမ်းနည်းမိရခြင်းနှင့်အတူ အသင်တို့ ကဲ့သို့  တန်ဖိုးရှိလှသော အသက်များ ထပ်မံ မဆုံးရှုံးကြစေရန် ဆုတောင်းလိုက်ရပါသည်။

ကျဆုံးစစ်သည်တော်အပေါင်းတို့  ကောင်းရာသုဂတိလားပါစေ .... ။




No comments: