Sunday, June 14, 2015

မြန်မာ ထိုင်း ဘောလုံးပွဲ ဗိုလ်လုပွဲနှင့် ပတ်သက်၍ လေးစားစွာ ပန်ကြားခြင်း။

လေးစားစွာ ပန်ကြားခြင်း။

မနက်ဖြန် ယှဉ်ပြိုင်မယ့် မြန်မာ - ထိုင်း ဗိုလ်လုပွဲမှာ ...

ဦးအောင်ဇေယျပုံကို ယူဆောင်သွားကြမယ်လို့ ကြားနေရပါတယ်။

U23 မြန်မာ ဘောလုံးအသင်း အနေနဲ့ အားကစား စိတ်ဓါတ် အပြည့်အဝနဲ့ သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားခြင်း ...

မြန်မာ ပရိသတ်မှလည်း ယဉ်ယဉ်ကျေးကျေး အားပေးခြင်း ...

Green & Clean မှ ညီအစ်ကို မောင်နှမများကလည်း အမှိုက်များ ရှင်းလင်းခြင်း ...

စတာတွေနဲ့ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နေကြပါတယ်။

ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ အနေနဲ့ ယဉ်ကျေးမှု မြင့်မားတဲ့ လူမျိုးများ ပီပီ ...

သူတစ်ဖက်သား ထိခိုက် နစ်နာမယ့် အပြုအမှု အပြောအဆိုများကို မရည်ရွယ်ဘဲနှင့်သော်လည်းကောင်း၊ ရည်ရွယ်ပြီးသော်လည်းကောင်း ရှောင်ကြဉ်ကြစေလိုပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင် နေကြရသော ရွေ့ပြောင်း အလုပ်သမား အများစု အနည်းနဲ့အများ ထိခိုက် နစ်နာနိုင်မှာကိုလည်း ထည့် စဉ်းစားပေးစေလိုပါတယ်။

ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ လေးစားစွာ ပန်ကြားလိုတာက ဦးအောင်ဇေယျပုံ ယူသွားမယ့်သူနဲ့ ဦးအောင်ဇေယျလို ဝတ်စားဆင်ယင်သွားမယ့်သူများ ရှိရင် ...

မပြုလုပ်ကြဖို့နဲ့ ကိုယ့်အသိထဲမှာ ရှိခဲ့ရင်လည်း နားလည်အောင် ရှင်းပြပေးကြပါလို့ လေးစားစွာ ပန်ကြားအပ်ပါတယ်။

လေးစားခင်မင်စွာဖြင့် -

စင်္ကာပူနိုင်ငံ မြန်မာ့ လူမှုရေး အဖွဲ့။

No comments: